|
" ဟာသသရုပ်ဆောင် ဦးဂျော်လီဆွေ "
အသက် (၈၀) တွင် ကွယ်လွန်အနိစ္စရောက်သည်။


Please click on photo to ENLARGE!
ဟာသသရုပ်ဆောင် ဦးဂျော်လီဆွေ ဟာ ဒီနေ့ Feb 5th မှာ ကွယ်လွန်သွားခဲ့ပါတယ်
Feb 6th မှာ အသုဘ အခမ်းအနားကို နာရေးကူညီမှု အသင်းက ဦးဆောင်စီစဉ်ခဲ့ပါတယ်
အခမ်းအနားကို ဦးဂျော်လီဆွေ ၏ မိသားစု နဲ့ ရုပ်ရှင်လောကမှ မိတ်ဆွေအနည်းငယ်သာ တက်ရောက်ခဲ့ကြပြီး အများစုကအဲ့ဒိနေ့ည နေပြည်တော်မှာကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲကိုရောက်ရှိနေကြတာ မို့ သရုပ်ဆောင်တော်တော်များများကိုမတွေ့ခဲ့ရပေမယ့်
ဆင်းရဲတဲ့ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့လို့ အကယ်ဒမီ ပွဲ မှာ ဖိတ်ကြားခြင်းမခံခဲ့ရသူ ရုပ်ရှင်လောက မှ ရွံရှာစွန့်ပါယ်ခြင်းခံထားရတဲ့ ပြည်သူ့အချစ်တော် မင်းသား ကိုကျော်သူ ကိုတော့ မရွံမရှာ ကိုယ်တိုင် အခေါင်းထမ်းနေတာ တွေ့မြင်ရမှာဖြစ်ပါတယ်။
ဘဘ ဦးဂျော်လီဆွေ ကောင်းရာသုဂတိ လားပါစေ
ဦးထူးသာ နဲ့ ဦးညီဂျော် ရေ
သားကြီး လုံးဝ စိတ် မကောင်းပါဘူး
ဖုန်းဆက်ရင်လဲ မမှီတော့လို့ မဆက်ဖြစ်တာ နားလည်ပေးပါနော်
ဦးမောင်ရေ သာဓု သာဓု သာဓု ။
စိတ်ဓါတ်မကျပါနဲ့ ဦးမောင်။
အကောင်းဆုံး မျိုးချစ်မြန်မာ ဆုကို ပြည်သူတွေရင်ထဲက ဦးမောင်ကို ထာဝရပေးထားပြီးသားပါ။
အဲ့ဒါ ဒီ နှစ် တနှစ်ထဲမဟုတ်ဘူး .....
ပြီးခဲ့တဲ့နှစ်တွေ...
နောက်လာမယ့် နှစ်တွေအားလုံးအတွက်...
ခုဘဝအတွက်...
နောက်ဘဝတိုင်းအတွက်...
သံသရာအတွက်...
အမြဲတမ်းအတွက်...
ဂုဏ်ယူပါတယ်ဦးမောင်
ချစ်တဲ့
သားကြီး
မှတ်ချက်။ ။ အကောင်းဆုံးဒါရိုက်တာ ဆုကို ဆွတ်ခူးခဲ့ပြီး တစ်ဦးတည်းသာ လက်အုပ်ချီကန်တော့ရန် မထိုက်တန်သူကို လက်အုပ်မချီ ၊ မကန်တော့ခြင်းဖြင့် အနုပညာသမား၏ မာန နှင့် သစ္စာ ကို ပြသသွားသော၊
ကျေးဇူးစကားနှင့် မထိုက်တန်သူကို ကျေးဇူးတင်ကြောင်း ဖားယားချဲ့ထွင် ပြောဆိုသွားခြင်းမရှိသော မျိုးချစ်မြန်မာ ၏ ဦးလေးအရင်းဖြစ်သူ ဦးညီ ခေါ် ဒါရိုက်တာ ညီညီထွန်းလွင် အတွက် မျိုးချစ်မြန်မာ မှ များစွာ ဂုဏ်ယူ ပီတိဖြစ်မိပါကြောင်း ... ။ ။
မျိုးချစ် |