|
Friday, 12 March 2010 09:28 |
|

|
|
Friday, 12 March 2010 11:08 |
|
သို့
Blogger ညီအစ်ကိုမောင်နှမ များခင်ဗျာ။
ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( ကိုရီးယားဌာနခွဲ ) ကပါခင်ဗျာ။ကျွန်တော်တို့ အခု အမေစုအတွက် ဆိုးလ်ငြိမ်းချမ်းရေး ဆုကို ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားပြင်ဆင်နေကြပါတယ်ခင်ဗျာ။ လိုအပ်သောအထောက်အထား အချက်အလက်များ ဓါတ်ပုံမှတ်တမ်းများ ကို အကောင်းဆုံး
ဖြစ်အောင် ရှာဖွေနေပါတယ်ခင်ဗျာ။
သို့ဖြစ်ပါ၍ Blogger ညီအစ်ကိုမောင်နှမများ ၏ အကူအညီမှာ အထူးလိုအပ်လျှက်ရှိပါသည်။ လိုအပ်လျှက်ရှိနေသော အထောက်အထား အချက်အလက်များ ဓါတ်ပုံမှတ်တမ်းများ ရှိလျှင်ကူညီစေချင်ပါတယ်။ ဆိုးလ်ငြိမ်းချမ်းရေးဆုရဲ့ အင်တာ နတ် စာမျက်နှာကို အောက်မှာ ဖေါ်ပြထားပါတယ်၊ အချိန်ရပါက ၀င်ရောက်လေ့လာပြီး လိုအပ်သလိုအကြံပေးနိုင်ပါတယ်ခင်ဗျာ၊ ကျနော်တို့ ချစ်ခင်လေးစားတဲ့ ခေါင်းဆောင်အနေနဲ့ သူနဲ့ ထိုက်တန်တဲ့ ဆုကို သေချာပေါက် ဆွတ်ခူးနိုင်အောင် ၀ိုင်းဝန်းကြိုးစားရင်း Blogger များရဲ့ သမိုင်းစာမျက်နှာသစ်တခုကို မော်ကွန်းတင်ကြရအောင်ပါ၊
http://www.seoulpeaceprize.or.kr/english/subm02.html
လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။
ပျံသန်းနေသောခွပ်ဒေါင်းတကောင်
http://www.flyingpeacock.blogspot.com/ |
|
Friday, 12 March 2010 11:08 |
|
သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာမျက်နှာ ၃၁၈ မျက်နှာပါရှိပြီး ရက်ပေါင်း ၇၀၀၀ ကျော် ထောင်တွင်း အတွေ့အကြုံများကို ရေးသားတင်ပြထားတဲ့ 'ဘာလဲဟဲ့ လူ့ငရဲ' စာအုပ်ကို ဆရာကြီးရဲ့ အသက် (၈၀) ပြည့် မွေးနေ့ (၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်နေ့) မှာ စတင်ထုတ်ဝေ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဒီမိုကရက်တစ် မြန်မာ့အသံ က စီစဉ်ထုတ်ဝေပြီး နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တာဝန်ယူ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်းငယ် ၁၀ ခန်းနဲ့ ဆောင်းပါးပေါင်း ၄၂ ပုဒ် ပါဝင်ပါတယ်။
ဆရာက မကြောက်တရားကို အခြေခံပြီး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ပွင့်ပွင့်လင်းလင်း မကွယ်မ၀ှက် ဖွင့်ချဖေါ်ပြထားပါတယ်။ ဒါ့အပြင် "ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး၊ ထောင်ကျတဲ့ လှုပ်ရှားမှု မလုပ်ဘူးဆိုတဲ့ ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ချခံရသူတွေ ယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုးအတွက် ထောင်ကျခံရသူတွေ၊ လူထုအုံကြွမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခံရသူတွေ၊ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို ရှုတ်ချတာပဲ၊ စော်ကားတာပဲ" ဆိုတဲ့ ဆရာရဲ့ ရဲရင့်ပြတ်သားတဲ့ အမြင်ကိုလည်း ဆရာ့ဆောင်းပါးတွေထဲမှာ တွေ့မြင်ရပါတယ်။
တနိုင်ငံလုံးကို ထောင်ချထားသလို ဖြစ်နေတဲ့ စစ်အစိုးရခေတ် မြန်မာနိုင်ငံမှာ ထောင်ကျတာဟာ အထူးအဆန်းမဟုတ်ကြောင်း၊ ထောင်ကြီးထဲကနေ နှိုင်းယှဉ်ချက်အရ ပိုမိုကျပ်တည်းတဲ့ ထောင်လေးထဲကို ရောက်သွားခြင်းသာ ဖြစ်တဲ့အတွက် ဘာမှကြောက်စရာမလိုကြောင်း ဆရာက သူ့ဆောင်းပါးတွေနဲ့ သူရဲ့ အမှာစာမှာ ဖေါ်ပြထားပါတယ်။
လူကိုသာ အကျဉ်းချထားလို့ရချင်ရမယ်၊ သူ့ရဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေကို ချစ်တဲ့စိတ်နဲ့ ဒီမိုကရေစီကို ချစ်တဲ့စိတ်တွေကိုတော့ ထောင်ချထားလို့ မရဘူးဆိုတဲ့ အချက်ကို ဆရာရဲ့ စာအုပ်တအုပ်လုံးမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။
စာအုပ်ဝယ်ယူလိုသူများဟာ
This e-mail address is being protected from spambots. You need JavaScript enabled to view it
သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
ဆက်သွယ်ရန် ----- ကိုတိတ်နိုင် (အတွင်းရေမှုး) +၆၆ (၀)၈၁ ၂ ၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး) +၆၆ (၀)၈၁ ၃၂၄ ၈၉၃၅
Thanks N Regards,
U Aung Myo Thein
Assistant Association for Political Prisoners (Burma)
Contact:
This e-mail address is being protected from spambots. You need JavaScript enabled to view it
,
This e-mail address is being protected from spambots. You need JavaScript enabled to view it
Web: http://www.aappb.org, http://www.fbppn.net, http://nd-burma.org |
|
Friday, 12 March 2010 10:57 |
|

Please click on photo to ENLARGE! |
|
Friday, 12 March 2010 10:56 |
|
နအဖ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပိတ်ပစ်လိုက် တာဖြစ်တယ်။ ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာကို နအဖ က ရွေးချယ်ပေးလိုက်ပြီ။
၁။ ရွေးကောက်ပွဲ (ကော်မရှင်) ဥပဒေတွေကို နည်းပေါင်းစုံနဲ့ ကန့်ကွက်ရမယ်။
(ရန်သူရဲ့ စစ်မဟာဗျူဟာကိုတိုက်ခိုက်ခြင်းဖြစ်တယ်)
၂။ ရွေးကောက်ပွဲ ၀င်မည့်ပါတီတွေ၊ တသီးပုဂ္ဂလတွေကို နည်းပေါင်းစုံနဲ့တားမြစ်ရမယ်။
(ရန်သူရဲ့ မဟာမိတ်များကိုဖြိုဖျက်ခြင်းဖြစ်တယ်)
၃။ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမှ မဲမပေးကြဖို့ လှုံ့ဆော်ရမယ်။
(ရန်သူကို စိတ်ဓာတ်ရေးရာအရလွှမ်းမိုးခြင်းဖြစ်တယ်)
၎။ ရွေးကောက်ပွဲကို ပြည်တွင်းအင်အားစုတွေ၊ ပြည်ပအင်အားစုတွေ အားလုံးက သပိတ်မှောက်ရမယ်။
(ရန်သူရဲ့စည်းလုံးညီညွတ်မှုကိုဖြိုခွဲပြီး မိမိ အင်အားကို စည်းလုံးညီညွတ်စွာ တည်ဆောက်ခြင်းဖြစ်တယ်)
၅။ ရွေးကောက်ပွဲရဲ့ အနှစ်သာရ ကင်းမဲ့မှုကို နိုင်ငံတကာပြည်သူတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို တင်ပြရမယ်။
(ရန်သူ အဆင်သင့်မဖြစ်တဲ့နေရာတွေကို ရွေးပြီး တိုက်ခိုက်ခြင်းဖြစ်တယ်၊ ရန်သူကို သံတမန်နည်းအရ ထိုးနှက်ခြင်းလည်းဖြစ်တယ်)
၆။ အထွေထွေ လူထုတိုက်ပွဲကြီးဆင်နွှဲနိုင်ဖို့ လှုံ့ ဆော်ရမယ်။
(ရန်သူစိတ်ရှုပ်ထွေးအောင်၊ အေးဆေးသက်သာ မနေနိုင်အောင် ..... အခွင့်အရေးတိုက်ပွဲတွေ၊ လူထုလူတန်းစား ဆန္ဒပြပွဲတွေ၊ ကျောင်းသားသပိတ်တွေ၊ အလုပ်သမား လယ်သမား လှုပ်ရှားမှုတွေဖော်ထုတ်ပြီး .... အထွေထွေသပိတ်ဆီကို ဦးတည်သွားနိုင်ဖို့ဖြစ်တယ်။)
ခင်မင်လေးစားစွာဖြင့်
သားဆွေ
|
|
Friday, 12 March 2010 10:51 |
|

|
|
Friday, 12 March 2010 10:49 |
|

|
|
|
Friday, 12 March 2010 10:10 |
|

|
|
Friday, 12 March 2010 09:42 |
|



Please click on photo to ENLARGE! |
|
Friday, 12 March 2010 06:54 |
|
Photos From http://www.funzug.com
In the depths of northeastern India, in one of the wettest places on earth, bridges aren't built -- they're grown.
Grown from the roots of a rubber tree, the Khasis people of Cherapunjee use betel-tree trunks, sliced down the middle and hollowed out, to create "root-guidance systems." When they reach the other side of the river, they're allowed to take root in the soil. Given enough time a sturdy, living bridge is produced.
The root bridges, some of which are over a hundred feet long, take ten to fifteen years to become fully functional, but they're extraordinarily strong. Some can support the weight of 50 or more people at once.
One of the most unique root structures of Cherrapunjee is known as the "Umshiang Double-Decker Root Bridge." It consists of two bridges stacked one over the other!
Because the bridges are alive and still growing, they actually gain strength over time, and some of the ancient root bridges used daily by the people of the villages around Cherrapunjee may be well over 500 years old. |
|
Thursday, 11 March 2010 06:47 |
|

ကာတွန်း - ဗဂျီ အောင်စိုး |
|
Thursday, 11 March 2010 06:44 |
|

|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 1 of 221 |